သတင်းများ

ပေါင်မြို့နယ် ဒေသထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိ
May 26,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဒေသခံတောင်သူများသည် နှစ်ရှည်ဥယျာဉ်ခြံများနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်း‌ကြောင်းပြုလုပ်လျက်ရှိပြီး ယခုလတွင် ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိကာ ဒူးရင်းစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
May 26,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုး‌ရေးရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 26,2025
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်အဆင့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီး အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ် (၂၀) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားများ စုံညီအစည်းအဝေးကျင်းပ
May 26,2025
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ် (၂၀) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားများ စုံညီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ Panda Hotel ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အသင်းသား အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်ကြီးတံခွန်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးသွားသည့် ဝေသာလီဂန္ဓာရုံဘုန်းကြီးကျောင်းတွင် သန့်ရှင်ရေးလုပ်ငန်းများ ရှင်းလင်းဆောင်ရွက်
May 26,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်တွင် (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားသော ဝေသာလီ ဂန္ဓာရုံဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ ယနေ့နံနက် (၇) နာရီအချိန်က မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးလုပ်ငန်းများ ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။
ကရသူရိမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား/ သူများအား ကျောင်းအပ်နှံရေးလက်ခံခြင်း ဆက်လက် ဆောင်ရွက်
May 26,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ကျောင်းသား/ သူများအား ကျောင်းအပ်နှံရေးလက်ခံခြင်းကို ဆက်လက်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသ၌ ဒေသမျိုး ​ကွမ်းသီးပင်များကို ပျိုးထောင်စိုက်ပျိုး
May 26,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကွမ်းပင်စိုက်ပျိုးဖြစ်ထွန်းသော ကျေးရွာများမှ ဒေသခံများမှာ ဒေသမျိုး ကွမ်းသီးပျိုးပင်များ ပျိုးထောင်ထားလျက်ရှိနေကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ
May 26,2025
ပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီခွဲက ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။