သတင်းများ

နမ္မတီးမြို့၌ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
May 10,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နမ္မတီးမြို့ မူလွန်ကျောင်း၌ ယမန်နေ့နံနက် (၁၁) နာရီတွင် ကျင်းပခဲ့သည်။
ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင် မြို့နယ်အတွင်း ရှမ်းတိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စု စာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံ
May 10,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်သည် မိုးညှင်းမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စု စာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကို မေ(၉)ရက် နေ့လည်ပိုင်းက အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက်၌ ကျင်းပသည်။
ကျောက်ဆည်မြို့၌ သံပယိုသီးဈေးကွက်ကောင်းမွန်သည့်အတွက် စိုက်ပျိုးသူ ပိုမိုများလာ
May 10,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌  သံပုယိုသီးဈေးကွက် ကောင်းမွန်သည့်အတွက် စိုက်ပျိုးသူ ပိုမိုများလာကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု လက်သမားသင်တန်းအား ခိုယောင်းကျေးရွာ၌ ဖွင့်လှစ်ပေး
May 10,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက် မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု လက်သမားသင်တန်းကို ခိုယောင်းကျေးရွာ၌ ဖွင့်လှစ်ပေးနေလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
May 10,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆင်းရဲမှုလျော့ချရေးနှင့် လူထုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းကျေးရွာများအား မေ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တိုင်းဒေသကြီးအဆင့် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ဆင့်ပွား)ဆွေးနွေးပွဲ ပြီးမြောက်ပွဲအခမ်းအနားကျင်းပ
May 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အ.ထ.က (၄) အလုံ အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ယမန်နေ့ ညနေပိုင်းကတိုင်းဒေသကြီးအဆင့် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့်မူကြိုသင်ပြနည်းစနစ် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား)ဆွေးနွေးပွဲ ပြီးမြောက်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ဖယ်ခုံမြို့၌မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌ ချစ်ကြည်ရေးဖလားအလွတ်တန်း ဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
May 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၆-၂၀၂၇ခုနှစ်၊ မြို့နယ်အားကစားပြန်လည်ဖွံ့ဖြိုးရေးအတွက် မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌ ချစ်ကြည်ရေးဖလားအလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖယ်ခုံမြို့၊ ညောင်ကုန်း ရပ်ကွက်ရှိမြို့နယ်အားကစားကွင်းတွင်ကျင်းပလျက်ရှိသည်။
အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကူညီထောက်ပံ့ရေး ပစ္စည်းများနှင့်အတူ ထီးချိုင့်မြို့သို့ရောက်ရှိ
May 10,2026
တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ထီးချိုင့်မြို့အား ၁၇-၃-၂၀၂၆ ရက်နေ့တွင် တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။