သတင်းများ

မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် သဘာဝဘေးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
May 10,2026
၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
May 10,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို မေ ၈ ရက်နေ့ နံနက် (၁၁) နာရီက ပြုလုပ်သည်။
ရန်ကုန်မြို့၌ Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲကျင်းပရာ ပြိုင်ပွဲဝင် ၄၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်
May 10,2026
ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့၊ MYANMAR TOURISM FEDERATION & ELITE11 & YOUTH RUN-NING CLUB MYANMAR တို့ပူးပေါင်းကျင်းပသည့် Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲကို ယမန်​နေ့ည​နေ ၆ နာရီခွဲတွင် ရန်ကုန်မြို့​တော်ခန်းမ​ရှေ့၌ကျင်းပသည်။
ကျိုင်းတောင်းမြို့၌ တောင်သူပညာပေးဟောပြောပွဲဆောင်ရွက်
May 10,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်မြို့ အမှတ် ၇ ရက်ကွက် ဝိန်းကေညင်ကျေးရွာတွင် မေလ ၉ ရက်နေ့၌ စိုက်ပျိုးရေးဌာနနှင့် မြို့အုပ်ချုပ်ရေးဌာန ပူးပေါင်း၍ တောင်သူ ပညာပေးဟောပြောပွဲကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြန်အောင်မြို့နယ်၌ "လူမူဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိ
May 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် "လူမူဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ်များကို လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများသည် ယမန်နေ့နံနက်က ဆင်သေကျေးရွာအုပ်စု၊ ဆင်သေကျေးရွာ ရွှေဘုန်းပွင့်ဘုရားတန်ဆောင်း၌ ပြုလုပ်‌ပေးရာ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင်ဦးစီးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ကျိုင်းတောင်းမြို့၌ သဘာဝဓာတ်မြေသြဇာကိုယ်တိုင်ထုတ်လုပ်နိုင်ရေး လက်တွေ့သရုပ်ပြ
May 10,2026
ရှမ်းပြည်နယ်တောင်းပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်မြို့ အမှတ် ၇ ရက်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်အနောက်ဘက်ရှိ ဉီးယဉ်ခြံ၌ မေလ ၉ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် စိုက်ပျိုးရေးမြို့ဉီးစီးမှူး ဉီးစိုင်းကျော်အေးမှ သဘာဝဓာတ်မြေသြဇာ ကိုယ်တိုင် ထုတ်လုပ်နိုင်ရေး လက်​တွေ့သရုပ်ပြခဲ့ကြောင်းသိရသည်။
မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မူးယစ်‌ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
May 10,2026
မူးယစ်ကင်းစင်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ မူးယစ်‌ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
လူရည်ချွန်စခန်း(ချောင်းသာ)မှ အဆင့်မြင့်ပညာအဆင့် လူရည်ချွန် မောင်မယ်များ ကိုယ်ကာယ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းပြုလုပ်
May 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာလူရည်ချွန်အပန်းဖြေ စခန်းသို့ ရောက်ရှိနေကြသည့် အဆင့်မြင့်ပညာအဆင့် လူရည်ချွန် မောင်မယ်များက ယနေ့နံနက်ပိုင်းတွင် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်လက်အပန်းပြေ‌စေရေးအတွက် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။