စေတုတ္တရာမြို့နယ်၌ “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲ” ကျင်းပ

စေတုတ္တရာ မေ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲသို့ စေတုတ္တရာမြို့နယ် အခြေခံပညာကျောင်းများမှ၊ အလယ်တန်းအဆင့် မူလတန်းအဆင့် ကျောင်းသား / ကျောင်းသူ စုစုပေါင်း (၄၅) ဦး ပါဝင်ယှဉ်ပြိုင်ကြရာတွင် မူးယစ်ကင်းစင် တိုင်းပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ၊ လွယ်လွယ်နဲ့ရသုံးစွဲကြ မူးယစ်သောကောင်ဖြစ်နေရ ဝိုင်းဝန်းကာကွယ်တာဆီးမှ မူးယစ်ကင်းစင်တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြေ့လုံခြုံလှ၊ နိုင်ငံအနာဂတ်လှပဖို့ မူးယစ်ဆေးကိုအမြစ်ဖြတ်စို့၊ ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကိုတိုက်ဖျက်စို့၊ အဆိုးကျောစက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့ မှု့ခင်းတိုက်ဖျက်စို့ အစရှိသည့်ခေါင်းစဉ်ပါ သရုပ်ဖော်မှု ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျုတာ ပန်းချီများကို ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဆုရရှိကြမည် ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်တွင် ဆုများအသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကိုကို (ပြန်/ဆက်)