သတင်းများ

ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပဆောင်ရွက်
May 26,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်ရှိ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။
မှော်ဘီမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ရှင်းလင်းဆောင်ရွက်
May 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရန်နှင့် ရေလျှံခြင်းမဖြစ်ပေါ်စေရန်ရေဝင်၊ ရေထွက်ရေမြောင်းများ ရှင်းလင်းဖယ်ရှားဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက မှော်ဘီမြို့နယ် ပြည်လမ်းဘေးတပ်ကြီး ကုန်းကျေးရွာနှင့် အမှတ်(၄)လမ်းဆုံရှိ ရေမြောင်းများအတွင်းအမှိုက်များ၊ သစ်ကိုင်သစ်ခက်များ၊ နှုန်းသဲများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့​သည်။
ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်း သား၊ သမီးများအား ပညာသင်စရိတ်ချီးမြှင့်ငွေပေးအပ်
May 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်း သား၊ သမီးများအား ပညာသင် စရိတ်ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ခရိုင်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နက် ၈ နာရီက အ.ထ.က(၁)သာယာဝတီပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့​သည်။
ချမ်းမြသာစည်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်
May 26,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) အချိန်က အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ချယ်ရီစူပါစိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့မပျိုးဥယျာဉ်တွင် ၂၀၂၅ မိုးရာသီ၌ ဖြန့်ဝေရန် “လူထုဖြန့် ပျိုးပင်များ” ပျိုးထောင်ထားရှိ
May 26,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ နတ်မောက်-မြို့သစ်ကားလမ်းဘေး မိုင်တိုင်အမှတ် (၂၇) အနီးရှိ မြို့မပျိုးဥယျာဉ်တွင် ၂၀၂၅ မိုးရာသီ၌ ပြည်သူလူထုသို့ ဖြန့်ဝေပေးရန် လူထုဖြန့် ပျိုးပင်ပေါင်း (၂၄၂၀၀) အား ကျွန်း၊ တမာ၊ ဆီသပြေ၊ စိန်ပန်းကြီး၊ စိန်တံခြူ၊ ငုရွှေဝါ၊ ယင်းမာ၊ ဖျောက်ဆိပ်၊ တပေဘူတ၊ ယူကလစ်၊ မြန်မာကုက္ကိုလ် စသည့် သစ်မျိုး(၁၁)မျိုးဖြင့် ပျိုးထောင်ထားရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ SHADOWBOXING စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကျင်းပ
May 26,2025
ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော SHADOWBOXING စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၀ ရပ်ကွက် ပဒေသာအားကစားခန်းမ၌ ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ (၂၈၃၀၀) ဦး ရှိပြီဖြစ်
May 26,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အ‌ခြေခံပညာအတန်းများ၏ ကျောင်းအပ်နှံလက်ခံခြင်းကို မေလ ၂၂ ရက်နေ့က စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၅ ရက်နေ့အထိ လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၂၈၃၀၀) ဦးရှိပြီဖြစ်ကြောင်း သိရသည်။