ပြည်နယ်လူမှုရေးရာဝန်ကြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်
May 10,2026
နိုင်ငံတော်၏ လူသားအရင်းအမြစ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံပညာကဏ္ဍ၏ အစပျိုးရာဖြစ်သော သူငယ်တန်း (KG )နှင့် ပထမတန်း (Grade -1) အဆင့်များသည် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါရှိသောကြောင့် (KG) နှင့် (Grade-1) သင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က တက်ရောက်အမှာစကားပြောကြားသည်။