သတင်းများ

ရမည်းသင်းမြို့နယ်၌ Pilot Project အစီအစဉ်အရ အခြေခံဘောလုံးနှင့် ဆက်စပ်အားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 10,2026
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ Pilot Project အစီအစဉ်အရ ဖွင့်လှစ်သည့် အခြေခံဘောလုံးနှင့် ဆက်စပ်အားကစား သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရွှေဘိုမြို့နယ်၌ ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 10,2026
ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စု၊ မြောင်းကြီးကျေးရွာတွင် ကျေးရွာ မြေငှားဂရမ် ထုတ်ပေးနိုင်ရေး ရက်(၁၀၀)စီမံချက်အရ ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် မြို့နယ်/ကျေးရွာအုပ်စု လုပ်ငန်းအဖွဲ့များဖြင့်  မြောင်းကြီးကျေးရွာသို့ ကျေးရွာနေပြည်သူများအား တွေ့ဆုံကာ ရက်(၁၀၀) စီမံချက်ကာလအတွင်း ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေးလုပ်ငန်းများနှင့် ကျေးရွာမြေငှားဂရမ် ထုတ်ပေးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကို  ဆွေးနွေးပြောကြားခဲ့သည်။
ကြံခင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို မေ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အလှူရှင်မိသားစုများ တက်ရောက်ကြသည်။
ခန္တီးမြို့၌ တိုင်းရင်းကြက်မွေးမြူရေးထုတ်လုပ်ရေး သင်တန်းဖွင့်လှစ်
May 10,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိ ရက်(၁၀၀) အတွင်းလုပ်ငန်းဆောင်ရွက်မှုအစီအစဉ်ဖြစ်သည့် တိုင်းရင်းကြက်မွေးမြူရေးထုတ်လုပ်ရေး သင်တန်းကို ခန္တီးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ မေလ(၈)ရက်နေ့မှစတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားပြုလုပ်
May 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း မြို့နယ်အဆင့်ဆွေးနွေးပွဲ အခမ်းအနားကို မေလ (၁၀)ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်က မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သံတောင်ကြီးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး
May 10,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၉)ရက်နေ့  နံနက် ၁၁ နာရီခွဲက တောင်ငူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံး  အစည်းအဝေးခန်းမ၌   ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများ ကွင်းဆင်း ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်
May 10,2026
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြောင်းမြပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့သည် မြောင်းမြမြို့နယ်၊ မဲကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသ ပေးခြင်းလုပ်ငန်းကို မေလ ၉ရက် နေ့ကဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
မှော်ဘီခရိုင်၌ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ
May 10,2026
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မှော်ဘီခရိုင်ရဲတပ်ဖွဲ့ မှမှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်၁၀နာရီကအမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း၊ ရွှေရတုခန်း မ၌ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။