ကျေးသီး မေ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆည်မြောင်းများအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းတင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဦးသက်နောင်ဖြူနှင့် အဖွဲ့ဝင်များ ဝမ်ချင်ကျေးရွာ အုပ်စုချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ဈေးရပ်ကွက်အနောက်ဘက်ရှိ ပြုပြင်ရန်လိုအပ်သည့် မော်နန်းဆည်ဝမ်ခုန့်ကျေးရွာအုပ်စု ကုန်းညောင်းကျေးရွာ နမ့်ဟွမ်းဆည်၊ နားလွယ်ကျေးရွာအုပ်စုနမ့်ဟင်ချောင်းပေါ်ရှိ နားလွယ်ဆည်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်၊၊
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းတင်ဦး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နောင်ဖြူက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများအားဒေသခံပြည်သူများနှင့်ဆွေးနွေးခဲ့ကြပြီး ဆည်များမှ ဆည်ရေသောက်လယ်မြေများ ရေကြီမဖြစ်ပွားစေရေးအတွက်လက်ရှိ နမ်ဟွမ်ဆည်၊ မော်နန်းဆည်၊ နားလွယ်ဆည်များ ဆောင်ရွက်နေမှုအခြေအနေရှင်းလင်း အသေးစိတ် အချက်အလက်များကို စာရင်းကောက်ယူတင်ပြရန်၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်သော စက်သုံးဆီများကို ကျေးရွာအုပ်စုအလိုက်စနစ်တကျ ဝယ်ယူနိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေ၊ သဘာဝဘေးအန္တရာယ်များဂရုပြုရန်နှင့် လိုအပ်သည်များကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြရန်၊ မိုးရာသီကာလတွင် သစ်ပင်များ တစ်အိမ်ထောင်စုလျှင် တစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် သစ်တောဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်စိုက်ပျိုးကြရန်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများ၏လိုအပ်ချက်များကိုတတ်နိုင်သမျှပေါင်းစပ်ဖြည့်ဆည်းပေးရန်နှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန်၊ ဆောင်ရွက်ထားရန်တို့ကို ပြောကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆည်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)