နတ်မောက် မေ ၁၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံ(ငွေစုငွေချေး) သမဝါယမအသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်နှစ်ပတ် လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းစုသဘာပတိ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အသင်းစုဥက္ကဋ္ဌ ဦးလေးမြင့်ကအသင်း၏ ဖွံ့ဖြိုးရေးအကြံပြုဆွေးနွေးခဲ့သည်။ ဆက်လက်၍ အသင်းအမှုဆောင်ဒေါ်မေမဥ္ဇူကအသင်း၏ လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဥ်နှင့်ဘဏ္ဍာရေးရှင်းတမ်းများအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ထို့နောက် အစည်းအဝေးတွင်တက်ရောက်လာကြသည့် အသင်းသား၊ အသင်းသူ (၈၈)ဦးအား စုဆောင်းငွေပေါ်အတိုးနှင့်နေ့ တွက်စရိတ်ကျပ်(၅၂,၂၀၀၀၀)ထုတ်ပေးခဲ့ကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ်သည့်နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ (၈၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း