ဒိုက်ဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

ဒိုက်ဦး မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးမှ အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်စီမံကိန်းဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးသူက ဒိုက်ဦးမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအပေါ် ကဏ္ဍအလိုက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နိုင်ငံပိုင် အခန်းမှဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံမှုလျာထားချက်များအပေါ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက သက်ဆိုင်ရာဌာနဆိုင်ရာများသို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်လွှာများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)