ဘားအံခရိုင် Community Centre တွင် နွေရာသီ သင်တန်းများ အခမဲ့ ဖွင့်လှစ်
Mar 01,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရေးအတွက် နွေရာသီ အခြေခံပန်းချီသင်တန်း (၁/၂၀၂၄)နှင့် နွေရာသီ အင်္ဂလိပ်စာအခြေခံ Grammar သင်တန်း (၁/၂၀၂၄) ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။