သတင်းများ

မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂ဝ၂၄) သင်တန်းဆင်းပွဲ ကျင်းပ
Mar 02,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂ဝ၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Mar 02,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အဆိုပါရုံးရှိ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဌာနဆိုင်ရာများစုပေါင်း၍ မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီး သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး
Mar 02,2024
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မတ်လ ၂ ရက် ယနေ့နံနက်ပိုင်းက မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ကလောမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း ၁ / ၂၀၂၄ ဖွင့်ပွဲကျင်းပ
Mar 02,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း ၁/၂၀၂၄ ဖွင့်ပွဲကို ယနေ့မွန်းလွှဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အုတ်တွင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထားရှိမှုနှင့် အသားတိုးကြက်မွေးမြူထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Mar 02,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေနှင့် အသားတိုးကြက်မွေးမြူထားရှိမှု အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးဦးစီးဌာနတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Mar 02,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့စီးပွား‌ရေးဘဏ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ
Mar 02,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလောမြို့နယ်၌ နွေရာသီအားကစားသင်တန်းဖွင့်လှစ်
Mar 02,2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီ အားကစားသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။