ဘားအံ မတ် ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရေးအတွက် နွေရာသီ အခြေခံပန်းချီသင်တန်း (၁/၂၀၂၄)နှင့် နွေရာသီ အင်္ဂလိပ်စာအခြေခံ Grammar သင်တန်း (၁/၂၀၂၄) ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အင်္ဂလိပ်စာအခြေခံ Grammar သင်တန်းတွင် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း အဖွဲ့ဝင် ဆရာမ ဒေါ်မာလာထွန်းအုန်းနှင့် ဆရာဦးစောအောင်ဘတို့က Listening၊ Speaking၊ Reading Writing Four Skills ကိုလည်းကောင်း၊ အခြေခံပန်းချီသင်တန်းတွင် ပန်းချီပညာရှင်များဖြစ်သည့် ဆရာ ဦးစောနောင်စိုး၊ ဆရာဦးသစ်မင်း၊ ဆရာဦးသိန်းဇော်တို့က မျဉ်းဖြောင့်၊ မျဉ်းမတ်၊ မျဉ်းကွေးရေးဆွဲနည်း၊ အရာဝတ္ထုပုံသဏ္ဍာန်များ ရေးဆွဲနည်း၊ ရှုခင်းပုံ ရေးဆွဲနည်းများ၊ ခဲပန်းချီရေးဆွဲနည်းများကို သင်တန်းကာလ (၂၀) ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၉၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)