ကျောက်ဆည်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနား ကျင်းပ

ကျောက်ဆည် မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရ ဓမ္မာစရိယ စာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်၊ စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီက သီရိသာသနာ့ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။   

အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ ဧရာဝတီ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပါမောက္ခာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင် က သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာရွှေစေတီစာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တပညာ သာမိက (မဟာဂန္တဝါစကပဏ္ဍိတ) မှ စာအောင်ဆုချီးမြှင့်မည့် အစီအစဉ်များကို ရှင်းလင်းမိန့်ကြားခဲ့သည်။

ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များနှင့် စာအောင်ဆုများ ဆက်ကပ်ခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မင်းကုန်းကျောင်းတိုက်မှ ဘဒ္ဒန္တဃောသိတအရှင်သူမြတ် ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှ‌ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် ပင့်သံဃာ (၅၂) ပါးနှင့် စာအောင်သံဃာတော် (၁၅၈) ပါး၊ စုစုပေါင်း (၂၁၀) ပါး တို့အား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စက်ရုံ/အလုပ်ရုံများမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်ပြည်သူများ စုပေါင်း၍ ငွေကျပ် (၁၂၁၃၈၄၀၀)ကျပ် တန်ဖိုးရှိ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများနှင့် အတူ ဝတ္ထုငွေ (၅၉၅၃၇၀၀) ကျပ်၊ စုစုပေါင်း ငွေကျပ် (၁၈၀၉၂၁၀၀) ကျပ်အား လောင်းလှူဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)