စလင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား(၁၄၄၅) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

စလင်း မတ် ၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၁၀)မှအုပ်စုရှိရာမှ (၁၀၇)အုပ်စုမှ အသက်(၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား(၁၄၄၅)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးတို့တွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၃၊ ၂၀၂၄ ဘဏ္ဍာနှစ် တတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လအတွက် အသက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံငွေကျပ်သုံးသောင်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ငွေများကို စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၁၀)ရှိရာမှ (၁၀၇)အုပ်စုတို့ရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား(၁၄၄၅)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးနေလင်းနိုင် ဦးဆောင်ကြီးကြပ်မှုဖြင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စာရေးဝန်ထမ်းများမှတဆင့် ထောက်ပံပေးအပ်လျက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးဝန်ထမ်းတို့မှ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ  အသက်ကြီးဘိုးဘွားတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့်၊ စလင်းမြို့နယ်အတွင်းရှိ အသက်ကြီးဘိုးဘွား စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၃၃၅၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မောင်လွင်(စလင်း)