မိုင်းဖြတ်မြို့နယ်၌ ​ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ​ဆောင်ရွက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေး

မိုင်းဖြတ် မတ် ၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း အ​ကောင်အထည်​ဖော်​ဆောင်ရွက်လျက်ရှိသည့် လမ်းပန်းဆက်သွယ်​ရေး၊ စိုက်ပျိုး​ရေရရှိ​ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်​ဆေးခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်​ရေးအဖွဲ့ဝင်များနှင့်အတူ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဆိုင်းလေကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ (VDP)ထောက်ပံ့ငွေ(၁၀.၀၀)သန်း၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးလက်ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် (၀/၆ မိုင်)၊ လမ်းအကျယ် ၁၂​ ပေ၊ မြေသားလမ်းဖောက်လုပ်ခြင်း ဆောင်ရွက်နေမှုအား   ကွင်းဆင်းကြည့်ရူ့စစ်ဆေးခဲ့သည်။

အလားတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၃ ရက်က မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကချင်စံပြကျေးရွာအနီး ဆိုင်ဆတ်ရေလွှဲဆည် အောက်ပိုင်းနှင့် လက်ယာဘက်ခြမ်း၊ လက်ဝဲဘက်ခြမ်းအချို့  ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး  ပြည်နယ်အစိုးရ သဘာဝဘေးခွင့်ပြုရန်ပုံငွေ (၁၆.၂)သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ခြင်းအခြေအနေများကို ကြည့်ရှုစစ်​ဆေးခဲ့ပြီး လုပ်ငန်းများ ​ရေရှည်ခိုင်မာရေးအတွက် တာဝန်ရှိသူများနှင့်အတူ ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ရေး လမ်းညွှန်မှာကြားခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)