ဓနုဖြူမြို့နယ်တွင် "ကျေးလက်ဒေသရှိ အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေး" စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကျင်းပ
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထိုင်းနိုင်ငံ၊ လူထုဖွံ့ဖြိုးရေးဦးစီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ထောက်ပံ့ရန်ပုံငွေဖြင့် ဓနုဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ဒေသရှိ အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေး" စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ရိုးကြီးကျေးရွာရှိ ရွှေဘုံသာ ဓမ္မရိပ်သာ ကျောင်းတိုက်၌ ကျင်းပသည်။