ပခုက္ကူ မတ် ၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အဝေးသင်သင်တန်း ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ဖေဖော်ဝါရီလ ၂၉ရက် မွန်းလွဲပိုင်းအချိန်က ဆက်လက်ကျင်းပသည်။
အခမ်းအနားတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အဝေးသင်သင်တန်းစာမေးပွဲများ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဘွဲ့ရမောင်မယ် (၁၁၂)ဦးတို့အား ဘွဲ့များအသီးသီးအပ်နှင်းသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)