သတင်းများ

မိုင်းတုံမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အစည်းအ‌ဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၄း၀၀ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနား ကျင်းပ
Mar 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရ ဓမ္မာစရိယ စာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်၊ စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီက သီရိသာသနာ့ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။   
မိုင်းဖြတ်မြို့နယ်၌ ​ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ​ဆောင်ရွက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေး
Mar 01,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း အ​ကောင်အထည်​ဖော်​ဆောင်ရွက်လျက်ရှိသည့် လမ်းပန်းဆက်သွယ်​ရေး၊ စိုက်ပျိုး​ရေရရှိ​ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်​ဆေးခဲ့​ကြောင်း သိရသည်။
ဘားအံခရိုင် Community Centre တွင် နွေရာသီ သင်တန်းများ အခမဲ့ ဖွင့်လှစ်
Mar 01,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရေးအတွက် နွေရာသီ အခြေခံပန်းချီသင်တန်း (၁/၂၀၂၄)နှင့် နွေရာသီ အင်္ဂလိပ်စာအခြေခံ Grammar သင်တန်း (၁/၂၀၂၄) ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား(၁၄၄၅) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Mar 01,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၁၀)မှအုပ်စုရှိရာမှ (၁၀၇)အုပ်စုမှ အသက်(၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား(၁၄၄၅)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးတို့တွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းသော မြို့၊ နေရာဒေသ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းတို့အား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Mar 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ နေရာဒေသ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းတို့အား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ ဆုစိစစ်ရွေးချယ်ရေး နာယက နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးများနှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပခုက္ကူတက္ကသိုလ်၌ အဝေးသင်သင်တန်း ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနား ဆက်လက်ကျင်းပ
Mar 01,2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အဝေးသင်သင်တန်း ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ဖေဖော်ဝါရီလ ၂၉ရက် မွန်းလွဲပိုင်းအချိန်က ဆက်လက်ကျင်းပသည်။
ရွှေသောင်ယံမြို့၊ အသောကာရာမ မကျီးကျောင်းတိုက်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲအခမ်းအနားကျင်းပ
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အသောကာရာမ မကျီးကျောင်းတိုက် သီရိမင်္ဂလာဓမ္မဗိမာန်တော်ကြီးတွင် ယနေ့ နံနက်(၉)နာရီအချိန်က ဘဝနတ် ထံစံမြန်းတော်မူပြီး ကျေးဇူးတော်ရှင်ဆရာတော်ကြီး (၂)ပါးအား ကျေးဇူးဆပ်အထိမ်းအမှတ် အနေဖြင့် (၄၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျန်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့သည်။