ရွှေသောင်ယံ မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အသောကာရာမ မကျီးကျောင်းတိုက် သီရိမင်္ဂလာဓမ္မဗိမာန်တော်ကြီးတွင် ယနေ့ နံနက်(၉)နာရီအချိန်က ဘဝနတ် ထံစံမြန်းတော်မူပြီး ကျေးဇူးတော်ရှင်ဆရာတော်ကြီး (၂)ပါးအား ကျေးဇူးဆပ်အထိမ်းအမှတ် အနေဖြင့် (၄၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျန်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်အပါး (၃၀)နှင့် လူပရိတ်သတ်များမှ ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဖတ်ပူဇော်၍ ဘုရားကန်တော့ခြင်း၊ ဘုးရာပင့်ဂါထာရွတ်ဖတ်ပူဇော်ခြင်း၊ လူပရိတ်သတ်များမှ သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပဋ္ဌာန်းတရားနာကြားရန်နတ်၊ ဗြဟ္မာများအားဖိတ်ကြားခြင်း၊ ပဌာန်းကျန်းတော်ကြီးရွတ်ဖတ်ရန် နှိုးဆော်ခြင်း၊ ပဋ္ဌာန်း(၂၄)ပစ္စည်း ပစ္စယုဒေသပါဠိတော်အား (၃)ကြိမ် ရွတ်ဖတ်ပူဖဇာ်ပြီး အလှည့်ကျဆရာတော်မှ ပဋ္ဌာန်းကျန်းတော်ကြီးအား ရွတ်ဖတ်ပူဇော်ခြင်း စသည်ဖြင့်အစီအစဉ် (၆)ရပ်ဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို တပို့တွဲလပြည့်ကျော် (၆)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အခမ်းအနားသို့ ကျောင်းတိုက် အသီးသီးမှ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်အပါး (၃၀)၊ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အတွင်းရှိ ဒါယကာ၊ ဒါယိကာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)