သတင်းများ

ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Mar 01,2024
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်အောင်-၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးခဲ့သည်။
ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်‌လေ့ကျင့်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 01,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယမန်နေ့  ညနေ ၃ နာရီ အချိန် ‌ရေဖြူမြို့၊ (ဃ)ရပ်ကွက်ရှိ ဆဲဗင်းဖိုက်ဆီဆိုင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးကာ ဇာတ်တိုက်လေ့ကျင့်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းခုတ်မြို့၊ မိုင်းလုံး​ကျေးရွာအုပ်စု၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်
Mar 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံး​ကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၉:၃၀) နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား တွေ့ဆုံ အားပေးခြင်းအခမ်းအနားကျင်းပ
Mar 01,2024
ဖလမ်းမြို့နယ်အတွင်းတက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်ကျောင်းသား/သူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို မတ်လ ၁ ရက်၊ နံနက် ၉ နာရီအချိန်က ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပရာဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ ရွှေပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော်၏ ရုပ်ကလာပ်တော် ဖူးမြှော်ကြည်ညို
Mar 01,2024
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများတနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ ရွှေပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကာ ဘဝနတ်နန်းပြောင်းရွှေ့စံမြန်းတော်မူပြီးဖြစ်သည့် ရွှေပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တပညာဝံသ (မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညိုသည်။
ပေါင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Mar 01,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ပေါင်းရပ်ကွက် ဓမ္မာရုံ၌ပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် မင်းလွင်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေး
Mar 01,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဉပဒေအကြောင်းအရာများကိုကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က မင်းလွင်ကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်သော ရေရရှိရေး လုပ်ငန်းများ ရာနူန်းပြည့်ပြီးစီး
Mar 01,2024
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် ဗျိုင်းအင်းကျေးရွာတွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။