မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် စက်မှုလယ်ယာစနစ်ကျလယ်မြ (၁၀၉.၁၃) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု
Mar 03,2024
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာတွင် စက်မှုလယ်ယာစနစ်ကျလယ်မြေ (၁၀၉.၁၃) ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ယာယီရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစန်းအောင်က တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် စနစ်ကျလယ်ယာမြေ မဖော်ထုတ်မီ၊ ဖော်ထုတ်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။