တံတားဦးခရိုင်တွင် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Mar 04,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်များ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန် ရည်ရွယ်၍ ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင် လုပ်ငန်းများကို တံတားဦးခရိုင်အတွင်းရှိ တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့မှ ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်နေကြောင်း တံတားဦးခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းနိုင်ထံမှ သိရသည်။