တံတားဦးမြို့နယ်တွင် ကြက်သွန်နီစိုက်ခင်းများတူးဖော်
Mar 03,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများက ရေကိုအကျိုးရှိစွာ အသုံးချပြီး နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းများကို စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် တွင် ကြက်သွန်စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းနေပြီး နှုတ်သိမ်းချိန်ရောက်ရှိလာပြီဖြစ်၍ တူးဖော်လျက်ရှိကြောင်း သိရသည် ။