မော်လမြိုင်ကျွန်း မတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက် (၈၅) နှစ်နှင့် အထက် အဘိုးအဘွားများတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို သုံးလလျှင် တစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ မြို့ပေါ် (၁၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀၈) အုပ်စုမှ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အသက်(၈၅)နှစ်နှင့် အထက် အဘိုး (၃၉၀) ဦး၊ အဘွား (၅၈၆) ဦး စုစုပေါင်း (၉၇၆) ဦးတို့အား တစ်ဦီးလျှင် (၃၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၉,၂၈၀,၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်မနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တတိယ (၃) လပတ် အတွင်း လူမှုရေးပင်စင်အကျိုး ခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့် အထက်အဘိုးအဘွားတို့အား ထောက်ပံ့ပေးလျက်ရှိပြီး ထောက်ပံ့ငွေများ လက်ဝယ်အရောက် ရရှိရေးတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ အိမ်တိုင်ရာရောက် ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)