နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု
Mar 03,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် နေပြည်တော်ရေအရင်းမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာ ဆင်သေချောင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ အဆိုပါချောင်းဘေးရှိ ယာယီရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး တာဝန်ရှိသူများက ဆင်သေချောင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းတည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဒေသတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။