ပေါင်မြို့နယ် အ.ထ.က (မင်းတန်း) ကျောင်း၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 18,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အ.ထ.က (မင်းတန်း)ကျောင်း၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ ပေါင်မြို့မစခန်းမှူး ဒုရဲမှူး ကျော်စိုးသန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦး၊ အ.ထ.က (မင်းတန်း) ကျောင်းမှ ကျောင်အုပ်ဆရာမကြီး ဒေါ်ဥမ္မာခင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၂၀၉) ဦး တက်ရောက်ခဲ့ကြသည်။