နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ လှူဒါန်းပေး

နတ်မောက် ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများလှူဒါန်းပေးပွဲကို ယနေ့နံနက်၉နာရီက အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း) ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အာ/ကာမှူးမှ လူငယ်များနိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် အားကစားကိုကြိုးစားသင်ယူလေ့ကျင့်သင့်ကြောင်းစသည့် အားကစားဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်အာ/ကာမှူးက ကျောင်းသား/ကျောင်းသူများ အားကစားနှင့်ဆိုင်ရာလေ့ကျင့်နိုင်ရေးအတွက် ဘောလုံးနှင့်ပိုက်ကျော်ခြင်းလုံးများကို ကျောင်းအုပ် ဆရာကြီးထံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှဝင်း