ဝမ်းတွင်းမြို့နယ်တွင်ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာ သင်တန်းဆင်းပွဲကျင်းပ

ဝမ်းတွင်း ဇူလိုင်၂ဝ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ်(၁/၂ဝ၂၆)ဆင်းပွဲကို ဇူလိုင်၁၇ရက်နေ့က မြို့နယ်စည်ပင်ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးထံသို့ သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းဆင်းပွဲသို့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးစိုးထွန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသီးသန့်မီးသတ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ