Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး
Aug 07,2025
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် အငြိမ်းစားပင်စင်စားများအား Unique Identity အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးလျက်ရှိ
Aug 07,2025
တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်သို့ မလာရောက်နိုင်သည့် ပင်စင်လစာခံစားနေသည့်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Unique Identity များ အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်ရေးနှင့် တည်ဆောက်ဆဲလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေး တက်ရောက်
Aug 07,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာ(၅၂)လုံး အသစ်ပြန်လည်တည်ဆောက်ရေးနှင့် နေပြည်တော်ကောင်စီ၏ ဆောင်ရွက်ဆဲ ဝန်ထမ်းအိမ်ရာ(၁၄)လုံး တည်ဆောက်ခြင်းလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ အောင်မင်္ဂလာတောရ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ လူငယ်ရေးရာဟောပြောပွဲပြုလုပ်
Aug 07,2025
ကျောင်းနေအရွယ်လူငယ်များအသိပညာဗဟုသုတများ ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လည် (၁) နာရီအချိန်က တာချီလိတ်မြို့၊ အောင်မင်္ဂလာတောရ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း မိုးစပါး၊ မိုးချည်မျှင်ရှည်ဝါ စိုက်ပျိုးထားရှိမှုနှင့် ဝါးစိုက်ပျိုးရေးပျိုးပင်များပေးအပ်ခြင်းနှင့် သီးနှံဈေးကွက်ရရှိရေး ကွင်းဆင်းဆောင်ရွက်
Aug 07,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွန်း၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မိုးစပါး၊ မိုးချည်မျှင်ဝါ စိုက်ပျိုးထားရှိမှုနှင့် ဝါးစိုက်ပျိုးရေးအတွက် ပျိုးပင်များပေးအပ်ခြင်းနှင့် သီးနှံဈေးကွက်ရရှိရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်၌ ကိုယ်ကာယကြံ့ခိုင်မှုအေရိုးဗစ်(အခြေခံနှင့် အဆင့်မြင့်) သင်တန်းဆင်း
Aug 07,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုအေရိုးဗစ် (အခြေခံနှင့်အဆင့်မြင့်) သင်တန်းဆင်းပွဲကို ဩဂုတ်၆ရက် မွန်းလွဲ၁နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်အတွင်း ရာဂီမုန်တိုင်းနှင့်ဆက်စပ်သည့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေများပေးအပ်
Aug 07,2025
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ပြီးခဲ့သည့်နှစ်ကဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ အနောက်တောင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့် သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး
Aug 07,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ အပြုံးပန်းမူကြိုကျောင်း၊ မိုးရင်ခွင်မူလတန်းကြိုကျောင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ WEE KIDS မူကြိုစသည့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ဒုတိယအကြိမ်သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
51
Page
52
Page
53
Page
54
Current page
55
Page
56
Page
57
Page
58
Page
59
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department