ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်
Apr 28,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေခန်းမ၌ အစိုးရအသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက ကူးစက်ရောဂါကာကွယ် ထိမ်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့အုပ်ချုပ်ရေးမှူး၊ သင်တန်းသားများ တက်ရောက်ကြသည်။