ဆိပ်ဖြူ ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာအုပ်စု တောင်ငယ်လုံးကျေးရွာနေပြည်သူများအား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်စာချုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ငွေသဲဖြူခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦနိုင်မင်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလေးမောင်တို့က နိုင်ငံတော်၏အစိုးရ၏ ရက်(၁၀၀) စီမံချက်ကာလအတွင်း ကျေးရွာမြေငှားဂရန်စာချုပ်များ ဆောင်ရွက်ပေးရခြင်းရည်ရွယ်ချက်များက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး၊ မိမိရပ်ရွာဖွံ့ဖြိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားပေးသည်။ ထို့နောက် တောင်ငယ်လုံးကျေးရွာနေပြည်သူများအား ကျေးရွာမြေငှားဂရန်စာချုပ်များကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအသီးသီးပေးအပ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားများပြောကြားပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)