ဟင်္သာတမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
May 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ် မြောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ အမှတ် ၅ အခြေခံပညာအထက်တန်း၌ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင် ဦးဆောင်၍ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းကခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် မိခင်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ ပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။