ပျော်ဘွယ် ဇူလိုင် ၂၀
ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်းကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီက ရန်အောင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူလူငယ်များ ကြုံတွေ့နေရသော စိတ်ဓာတ်ပိုင်းဆိုင်ရာဖိစီးမှုအမျိုးမျိုးကို နည်းလမ်းမှန်စွာဖြင့် အဖြေရှာတတ်စေရေး၊ မိမိကိုယ်တိုင်၏ အားသာချက်၊ အားနည်းချက်များကိုသိရှိပြီး မိမိတန်ဖိုးကိုမြှင့်တင်နိုင်ရေး၊ အခက်အခဲများကို ဖြေရှင်းကာ ပြန်လည်တည်ဆောက်နိုင်ရေးတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)