စလင်းမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ
Jul 18,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်၊ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်ရန်အတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဆရာတော်ကြီးများ စာသင်တိုက်များရှိ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ကို ယမန်နေ့ညနေ ၃ နာရီက စိန်ပန်းကျောင်းတိုက်ရှိ မဟာဣစ္ဆာသယကျောင်းတော်ကြီး၌ ကျန်းမာရေးဆရာ/ ဆရာမများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။