သတင်းများ

ပျော်ဘွယ်မြို့၊ အ.လ.က(ကျောက်တိုင်)တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ
Aug 07,2025
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ကျောက်တိုင်)တွင် ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ပြည်နယ်/ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 07,2025
ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ပြည်နယ်/ ခရိုင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းသာမြို့တွင် မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Aug 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့သည်။
ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် အသိပညာ‌ပေးပြပွဲ ကျင်းပ
Aug 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ စာစီစာကုံး၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရွှေသောင်ယံမြို့နယ်၌ ကျောင်းကောင်စီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား အ.ထ.က (အုန်းချောင်း)၌ ကျင်းပ
Aug 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က(အုန်းချောင်း) ကျောင်းအားကစားကွင်းတွင် ယ‌နေ့မွန်းလွဲ(၂)နာရီက ကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းပျဉ်း-မက်မန်းလမ်း တောင်ပြိုမှုဖြစ်ပွား
Aug 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း−မက်မန်းလမ်းပေါ်တွင် ၂၀၂၅ ခုနှစ် ယနေ့နံနက် (၈)နာရီအချိန်က တောင်ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ-ထ-ကတောင်ကလေးတွင် (၂)ထပ် ဆောင်သစ်ဆောက်လုပ်မည့် မြေနေရာမြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Aug 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အခြေခံပညာအထက်တန်းကျောင်း အ-ထ-ကတောင်ကလေးတွင် ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာမြေသန့်ခြင်း မင်္ဂလာနှင့်ပန္နက်တက်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်ဆောက်လုပ်မည့်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ စက်ချုပ်နည်းပညာမွမ်းမံသင်တန်း ဖွင့်လှစ်
Aug 07,2025
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာမွမ်းမံသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။