မြင်းခြံမြို့၌ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များ နေ့ချင်းပြီး ပြုလုပ်ပေး

မြင်းခြံ ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှု ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် နေ့ချင်းပြီးပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်သူ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမန်းမြင့်၊ မြင်းခြံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမော်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်းတို့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

အဆိုပါ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၇၁ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များ နေ့ချင်းပြီး ပြုလုပ်ပေးကာ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)