သတင်းများ

မြိတ်မြို့နယ်ရှိ ပြည်သူများအတွက် ကျေးရွာချင်းဆက်နှင့် ကျေးရွာအဝင်လမ်း ကျောက်ကြီးစီ သံကူကွန်ကရစ် တံတား(၁)စင်းနှင့် Box Culvert (၂)စင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Jul 20,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)ကာလအတွင်း ကျေးရွာချင်းဆက်နှင့် ကျေးရွာအဝင်လမ်းရှိ ကျောက်ကြီးစီ သံကူကွန်ကရစ် တံတား(၁)စင်းနှင့် Box Culvert (၂)စင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အသေးစား၊ အငယ်စား၊ အလတ်စား(MSME)စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Jul 20,2026
ကရင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနေမှုများကို လုပ်ငန်းရှင်များသိရှိစေရန်နှင့် လုပ်ငန်းရှင်များ လက်တွေ့ကြုံတွေ့နေရသည့်အခက်အခဲများကို ဖော်ထုတ်ဆွေးနွေးဖြေရှင်းပေးနိုင်ရေး စီမံဆောင်ရွက်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဒေသတွင်း MSME စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲကို ဇူလိုင် ၁၇ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုက်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကာဝိုင်းကျင်းပ
Jul 20,2026
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒီမိုကရေစီစနစ်၏အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့်တာဝန်ရှိသူများအကြားဆွေးနွေးတိုင်ပင်ရမည့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများကို အများပြည်သူများအကြားတွင် ဆွေးနွေးမှုများရှိလာစေရန်နှင့် ပြည်သူလူထု၏စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြည်သူ့စကားဝိုင်း(Public Talk)အခမ်းအနားကို အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာရှိ ပိုက်ကျော်ခြင်း အားကစားခန်းမ၌ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းက ကျင်းပသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်များတွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဥဩဆွဲခြင်းနှင့် ငြိမ်သက်စွာ အလေးပြုခြင်းများဆောင်ရွက်
Jul 19,2026
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် ဒီကနေ့တွင်ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဥဩဆွဲခြင်းနှင့် ငြိမ်သက်စွာအလေးပြုခြင်းများကို ယနေ့နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ တာလေမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေတာရှည်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ မိုးညိုမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူးမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောက်မြို့နယ်၊ စလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပျော်ဘွယ်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တို့တွင် တစ်ပြိုင်နက်တည်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ခန္တီးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တွေ့ဆုံပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံ ကြည့်ရှု
Jul 19,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခန္တီးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ခန္တီးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေး
Jul 19,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ​ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်သည်။
နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းငယ်ဘဝဖြစ်စဥ်များမှ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံ ပြသ
Jul 19,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အထူးပြခန်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဥ်များမှစ၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများကို ယနေ့တွင် ခင်းကျင်းပြသရာလာရောက်ကြည့်ရှုကြသည့် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများဖြင့် စည်ကားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး (၅၇၆၅) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် (၁၀၅) ဒသမ (၁၂) တင်း ထွက်ရှိ
Jul 19,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး (၅၇၆၅) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် (၁၀၅) ဒသမ (၁၂) တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။