မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စျေးဆိုင်တန်းအား စစ်ဆေး

မင်းတုန်း ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံပညာထက်တန်းကျောင်း၌ ဖွင့်လှစ်ရောင်းချနေသော စျေးဆိုင်တန်းအား ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာ၌ စျေးဆိုင်တန်းတွင် ရောင်းချနေသော အစားအသောက်များသန့်ရှင်းသပ်ရပ်မှု၊ ဆိုးဆေးများအလွန်အကျွံသုံးစွဲမှု ရှိ၊မရှိ စစ်ဆေးခဲ့ကြပြီး စျေးဆိုင်များရှိ အစားအသောက်များကြောင့် ကျောင်းသား/ကျောင်းသူများ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေရန်အတွက် ဖုန်မှုန့်များမဝင်ရောက်စေရန်နှင့် ယဉ်များမနားစေရန် စနစ်တကျဖုံးအုပ်ရောင်းချရန် မှာကြားခဲ့ကြသည်။ ထို့နောက် ကျောင်းမှ ထွက်ရှိလာသော စွန့်ပစ်အမှိုက်များ စနစ်တကျသိမ်းဆည်းစွန့်ပစ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အ.ထ.က တာဝန်ရှိသူများနှင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ချင်းကလေး(NRDC)