နတ်မောက် ဇူလိုင် ၂၀
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင် ကကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အလုပ်လုပ်ရန်သင့်တော်သည့် အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ တစ်နေ့တာအလုပ်လုပ်ချိန်နှင့် ခံစားခွင့်နှင့်ပတ်သက်၍ပြဋ္ဌာန်းထားမှုများ၊ အသက်၁၄နှစ်ပြည့်ပြီး အလုပ်စေခိုင်းပါက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည့်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း