နတ်မောက်မြို့နယ် စာရံအိုင့်ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

နတ်မောက် ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် နွေစပါး(၁၃၄၅)စိုက်ပျိုးခဲ့ရာ ယနေ့အထိ(၁၁၂၄)ဧကရိတ်သိမ်းခဲ့ပြီး နွေစပါးစိုက်တောင်သူများ စပါးမျိုးကောင်း၊မျိုးသန့်များစိုက်ပျိုးပြီး ဝင်ငွေတိုးပွားစေရန်အတွက် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက စာရံအိုင့်ကျေးရွာ ကွင်းအမှတ်(၈၃၆) တောင်သူဦးသန်းရွှေ နွေစပါးစိုက်ကွင်းတွင် စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို နတ်မောက်မြို့နယ် ကျောက်တံခါးဆည်ရေ သောက်ပ/လက်ခုတ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာကွင်းအမှတ် (၈၃၆)ကွင်းတွင် နွေစပါးများဖြစ်ကြသည့် ရတနာတိုးစပါးမျိုးကွဲ တစ်ဧကအထွက်နှုန်း အခြောက်တင်း(၁၄၈) တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးအရာရှိထံက သိရသည်။ အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေအသုံးချမှုနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိနှင့် စိုက်ကြပ်အဖွဲ့ဝင်များနှင့် ကျေးရွာနေတောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

လှဝင်း