မိုင်းဖြတ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းဖြတ် ဇူလိုင် ၂၀

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က အသိပညာပေးဟောပြောပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်များ၊ လူငယ်ဟူသည့်အဓိပ္ပာယ်နှင့် ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ စာရိတ္တဗလတို့နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေးအတွက် လိုက်နာ‌ရမည့်အချက်များကို ရှင်းလင်း‌ဟောပြောခဲ့သည်။ ထို့နောက် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းကောင်ခမ်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသစာပေများ(အခမဲ့) ငှားရမ်းဖတ်ရှုနိုင်သည့်များကို ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကိုကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)