ကျိုင်းတုံ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းဖြင့် တိရစ္ဆာန်များဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက မြို့နယ်အတွင်း မွေးမြူရေးတောင်သူများ မူးယစ်ဆေးဝါးပပျောက်ရေးအတွက်ပေးအပ်သည့် တိရစ္ဆာန်များကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းသဖွယ်လုပ်ကိုင်ရန်နှင့် မိသားစုငွေတိုးပွားရန် ရည်ရွယ်ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနော်နှင့်တာဝန်ရှိသူများက မိုင်းဇင်းကျေးရွာအုပ်စု၊ ပတ်ဖတ်(ဝ)ကျေးရွာအတွက် ဒေသဝက်(၅)ကောင်နှင့် ပန်ဖတ်(လွယ်)ကျေးရွာအတွက် ဒေသကြက် (၅၀)ကောင်ပေးအပ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်နှင်တာဝန်ရှိသူများက မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးများပေးအပ်ကို မွေးမြူရေးတောင်သူများထံအသီးသီး ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)