သတင်းများ

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်နမ့်ခုံးရှမ်းများပရဟိတ(လူမှုကူညီရေး) ဗဟိုမှ လင်းခေးမြို့နယ်အသင်းခွဲအတွက် ပေးအပ်ခဲ့သောစက် လှေ(အငယ်စား) တစ်စီးအား တာဝန်ရှိသူတို့မှ ဝမ်တိန်းကျေးရွာသို့ ထပ်ဆင့်လွှဲပြောင်းပေးအပ်
Aug 27,2020
ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီဆောင် ရွက်ပေးသွားနိုင်ရေး ရည်ရွယ်လျက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နမ့်ခုံးရှမ်းများပရဟိတအသင်း(ဗဟို)က လှူဒါန်းပေး အပ်လာသည့် စက်လှေငယ်တစ်စီး အား မြို့နယ်အသင်းခွဲမှ တာဝန်ရှိသူတို့က ထပ်ဆင့်လွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ၃နာရီက လင်းခေးမြို့၊ မဟာဝိဟာရကျောင်းကြီး ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပင်လည်ဘူးမြို့၌ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask)များတပ်​ဆင်ခြင်း ရှိ/မရှိ အထူးကြပ်မတ် စစ်​ဆးဆောင်ရွက်
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်​နိုင်​ရေးအတွက် လမ်းသွား လမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask)များ တပ်ဆင်ခြင်း ရှိ/မရှိစစ်​ဆေး ​ ဆောင်ရွက်ခြင်းကို ယမန်နေ့က လူစည်ကားရာနေရာများဖြစ်သည့် လမ်းဆုံ‌များ၊ မြို့အဝင်အထွက်နေရာ များတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းဆင့်ကျောင်းများ၊ ကျောင်းခွဲ များနှင့် ကိုယ်ပိုင်ကျောင်းများ ယာယီပိတ်ထား
Aug 27,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်ရှိ အခြေခံပညာ အထက်တန်းဆင့် ကျောင်းများ၊ ကျောင်းခွဲများနှင့် ကိုယ်ပိုင် ကျောင်းများမှ ဆန်းစစ်ချက်ပြည့်မီသည့် ကျောင်းများ ကို ဇူလိုင်လ အတွင်း ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ် -၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဩဂုတ်လ (၂၇)ရက်မှ စတင်ကာ ဖွင့်လှစ်ခွင့်ယာယီ  ပိတ်ထားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်သာယာမြို့(အနောက်ပိုင်း)နယ်၌ Mask တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask များ အခမဲ့ ဖြန့်ဝေ
Aug 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်၈နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများ မြို့နယ်တပ်ဖွဲ့ဝင်များ ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အမှတ်(၁၃)ရပ်ကွက်ရှိ ပင်လုံဈေးတွင် ကွင်းဆင်း ဆောင်ရွက်သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ
Aug 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကလေး သူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ လုပ်ငန်းညိှနိူင်းဆောင်ရွက်ခြင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။