ပင်လည်ဘူး ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask)များ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့က လူစည်ကား ရာနေရာများဖြစ်သည့် လမ်းဆုံများ၊ မြို့အဝင်အထွက်နေရာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း(mask)များတပ်ဆင်မှုရှိရေး လှုပ်ရှားဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်နောင်၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကော်မတီများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ခရီးသွားလာနေကြသည့် ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ စျေးရောင်း စျေးဝယ်သူများအား နှာခေါင်း စည်းများ တပ်ဆင်ခြင်း ရှိ/မရှိကို စစ်ဆးဆောင်ရွက်ပြီး အပြင်ထွက်လျင် နှာခေါင်းစည်း (mask)များ တပ်ဆင်ပြီး သွားလာကြရန် ပညာပေးဆောင်ရွက်မှုများပြုလုပ်ခဲ့ကြပြီး နှာခေါင်းစည်း (mask)များ တပ်ဆင်ရေးကို အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)