Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရှားတောမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချရန် အသိပညာပေး
Aug 27,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်း (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များတွင် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ် ရပ်ကွက်ရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ မိုးလှိုင်းကုန်းကျေးရွာတွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် Good Aquaculture Practices (GAqP) နည်းပညာပေး သင်တန်းဖွင့်လှစ်
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ မိုးလှိုင်းကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (Good Aquaculture Practices) (GAqP) နည်းပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်အတွင်းရှိ ဈေးများနှင့်လူစည်ကားသော နေရာများတွင်အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များအခမဲ့ ဖြန့်ဝေ
Aug 27,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်(၉) နာရီက မြို့နယ်အတွင်းရှိ ဈေးများဖြစ်သည့်
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှာခါင်းစည်းများ ဝေငှခြင်းနှင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 27,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး အတွက် မြို့နယ်အတွင်းရှိ အလုံစျေးတွင် ပါးစပ်နှာခေါင်းစည်းများ ဝေငှခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်နမ့်ခုံးရှမ်းများပရဟိတ(လူမှုကူညီရေး) ဗဟိုမှ လင်းခေးမြို့နယ်အသင်းခွဲအတွက် ပေးအပ်ခဲ့သောစက် လှေ(အငယ်စား) တစ်စီးအား တာဝန်ရှိသူတို့မှ ဝမ်တိန်းကျေးရွာသို့ ထပ်ဆင့်လွှဲပြောင်းပေးအပ်
Aug 27,2020
ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီဆောင် ရွက်ပေးသွားနိုင်ရေး ရည်ရွယ်လျက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နမ့်ခုံးရှမ်းများပရဟိတအသင်း(ဗဟို)က လှူဒါန်းပေး အပ်လာသည့် စက်လှေငယ်တစ်စီး အား မြို့နယ်အသင်းခွဲမှ တာဝန်ရှိသူတို့က ထပ်ဆင့်လွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ၃နာရီက လင်းခေးမြို့၊ မဟာဝိဟာရကျောင်းကြီး ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လည်ဘူးမြို့၌ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask)များတပ်ဆင်ခြင်း ရှိ/မရှိ အထူးကြပ်မတ် စစ်ဆးဆောင်ရွက်
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask)များ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့က လူစည်ကားရာနေရာများဖြစ်သည့် လမ်းဆုံများ၊ မြို့အဝင်အထွက်နေရာ များတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာလ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းဆင့်ကျောင်းများ၊ ကျောင်းခွဲ များနှင့် ကိုယ်ပိုင်ကျောင်းများ ယာယီပိတ်ထား
Aug 27,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်ရှိ အခြေခံပညာ အထက်တန်းဆင့် ကျောင်းများ၊ ကျောင်းခွဲများနှင့် ကိုယ်ပိုင် ကျောင်းများမှ ဆန်းစစ်ချက်ပြည့်မီသည့် ကျောင်းများ ကို ဇူလိုင်လ အတွင်း ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ် -၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဩဂုတ်လ (၂၇)ရက်မှ စတင်ကာ ဖွင့်လှစ်ခွင့်ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဲသမူးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Aug 27,2020
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30510
Page
30511
Page
30512
Page
30513
Current page
30514
Page
30515
Page
30516
Page
30517
Page
30518
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department