ကြာအင်းဆိပ်ကြီးမြို့တွင် ဆရာအောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center တွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ဆရာအောင်သင်း၏ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး၊ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး၊ Book Club အဖွဲ့ဝင် ဒေါ်ခင်လှ၊ ဒေါ်နန်းညွန့်ညွန့်ဆွေတို့က ဆွေးနွေးကြကာ အထက ( ခွဲ)ကြာအင်းဆိပ်ကြီးမှ ကျောင်းသား/ကျောင်းသူ (၁၉) ဦးတက်ရောက်ကြကြောင်း သိရသည်။

သဲဝါ(ပြန်/ဆက်)