လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း)  သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ လုပ်ငန်းညိှနိူင်းဆောင်ရွက်ခြင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ လှိုင်သာယာ (အရှေ့ပိုင်း)မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ က အဖွင့်အမှာ စကားပြောကြားရာတွင် က လေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီကတော့ တစ်လ တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ကမ္ဘာ ကပ်ရောဂါ ကိုဗစ်−၁၉ ကြောင့် ရွေ့ဆိုင်းရတာတွေ့ရှိပါတယ် ယခုတော့ ပြန်ပြီး ကျင်းပတယ် ကျွန်တော်တို့ ယနေ့ အစည်းအဝေးကျင်းပ ရခြင်း၏ ရည်ရွယ်ချက်ကတော့ ကလေးသူငယ် ဥပဒေပါ ကလေးသူငယ် အခွင့်အရေးတွေကို ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်က လေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ကော်မတီဝင်များ အကြားဖြည့်စွက် ဆောင်ရွက်ကြရန်လို ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဝင်များက ကလေးသူငယ် ဥပဒေပါ ကလေးသူငယ်များ၏ အခွင့်အရေးများကို ဥပဒေ နှင့်အညီရ ရှိခံစားနိုင်ရေး၊ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက် ပေးနိုင်ရေးနှင့်  ကာကွယ်စောင့် ရှောက်ရေး လုပ်ငန်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)