မဲသမူးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်

ရှမ်းရွာသစ်     ဩဂုတ် (၂၇)

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းတွင် မဲသမူးကျေးရွာအုပ်စု၌ တာဝန်ရှိသူများမှ ကာယကံရှင်များ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် မဲသမူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်ကျေးစာရေးနှင့်တာဝန်ရှိသူများက မဲသမူးကျေးရွာ အုပ်စုအတွင်းရှိ မသန်စွမ်းသူတစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၀၅၀၀၀၀)ကို မသန်စွမ်းသူ ကျား(၂၈) ဦး၊ မ (၇) ဦး၊ စုစုပေါင်း (၃၅) ဦးတို့အား နိုင်ငံတော်၏ကိုယ်စား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)