သတင်းများ

လှိုင်သာယာမြို့(အနောက်ပိုင်း)နယ်၌ Mask တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask များ အခမဲ့ ဖြန့်ဝေ
Aug 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်၈နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများ မြို့နယ်တပ်ဖွဲ့ဝင်များ ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အမှတ်(၁၃)ရပ်ကွက်ရှိ ပင်လုံဈေးတွင် ကွင်းဆင်း ဆောင်ရွက်သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ
Aug 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကလေး သူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ လုပ်ငန်းညိှနိူင်းဆောင်ရွက်ခြင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့ အာရုံစျေးတွင် ညမထွက်ရအမိန့်နှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များအား အသံချဲ့စက်ဖြင့် ကြေညာနှိုးဆော်ခြင်း ထပ်မံဆောင်ရွက်
Aug 27,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့ အာရုံစျေးတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကျန်းမာရေဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာစေရေးအတွက် အသံချဲ့စက်ဖြင့် ထပ်မံကြေညာ နှိုးဆော်ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီမှ ယနေ့နံနက် ၃ နာရီက မြို့နယ်ရွှေတည်စျေးသစ်နှင့် လေဟာပြင်အာရုံစျေး၌ ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက်၍ အသိပေး ထုတ်ပြန်ခြင်းအား ဆောင်ရွက်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်တွင် ကမ်းပြိုဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေ ၁၁ သိန်းကျော် ပေးအပ်
Aug 27,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာနှင့် နိဗ္ဗာန်းကျေးရွာတို့တွင် ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂နာရီ အချိန်က မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှတွင် ကိုဗစ်-၁၉ ကာလကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိမရှိ ကွင်းဆင်း စစ်ဆေး
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ‌မြို့ပါ်ရောင်းချလျက်ရှိသော ဆေး ဆိုင်များ၊ ကုန်စုံဆိုင်များအား ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ တိရစ္ဆာန်အာဟာရဗေဒ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Aug 27,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန် အာဟာရဗေဒ သင်တန်း ဆင်းပွဲအခမ်းအနားကို ပျဉ်ဂန်းကျေးရွာ မူလွန်ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။