သတင်းများ

ထန်တလန်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 28,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထလာမန်းနှင့်အဖွဲ့ဝင်များသည် မဲစာရင်းများ တိကျမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဦးဆောင်၍ Mask များ အခမဲ့ဝေငှ
Aug 28,2020
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဦးဆောင်၍ mask များ ဝေငှခြင်းကို ယနေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့၊ စည်ပင်သာယာမြို့မဈေးကြီးရှေ့၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့် ဝန်ထမ်း များ၊ ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ NGO များ တက္ကသိုလ်ကျောင်းသား/ကျောင်းသူ စေတနာရှင်အဖွဲ့များ ပူးပေါင်း၍ ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်သူများများအား mask အခု(၁၀၀၀) ခန့် အခမဲ့ဖြန့်ဝေပေးခြင်း ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
လွယ်ဂျယ်မြို့ ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန ခန်းမတွင်မူလတန်းအဆင့်စာဖတ်စွမ်း ရည်ပြိုင်ပွဲကျင်းပ
Aug 28,2020
ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နေ့လယ်( ၂ ) နာရီက မူလတန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း
Aug 28,2020
တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်(၁)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။
တောင်ငူ၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မိုဘိုင်းယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးများ လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 28,2020
တောင်ငူမြို့နယ်၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မိုဘိုင်းယာဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ဆူးတပ်၊ မွေရိုးနှင့် မဟင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဖား​ဆောင်းမြို့နယ်တွင် လွတ်လပ်မျှတ​သော ​ရွေး​ကောက်ပွဲများ ပံ့ပိုးကူညီ​ရေးအဖွဲ့ (MYNFREL) မှ လူငယ်များအတွက် ဒီမိုက​ရေစီနိုင်ငံသား​ကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင်အသိပညာ​ပေးသင်တန်းဖွင့်လှစ်
Aug 28,2020
ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀​ ရွေး​ကောက်ပွဲအတွက် လူငယ်များအ​နေဖြင့် ရွေး​ကောက်ပွဲဖြစ်စဉ်တွင် ပိုမိုစိတ်ပါဝင်စား ပါဝင်လာ​စေရန် ရည်ရွယ်ချက်ဖြင့် လွတ်လပ်၍ တရားမျှတ​သော ​ရွေး​ကောက်ပွဲများ ပံ့ပိုးကူညီ​ရေးအဖွဲ့(MYNFREL)မှ ​ဒေသခံလူငယ်များ အတွက် ဒီမိုက​ရေစီ နိုင်ငံသား ဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင်များအား အသိပညာ​ပေးသင်တန်းကို ယ​နေ့ နံနက်(၉)နာရီခွဲအချိန်က ဖား​ဆောင်းမြို့၊​ တောင်ပိုင်းရပ်ကွက်ရှိ ဓမ္မသိဒ္ဓိသိမ်​ကျောင်း၌ ကျင်းပသည်။
ရွှေပြည်သာမြို့နယ်ရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ရန်စစ်ဆေး
Aug 28,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်ချက်များနှင်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ရန် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်း၌ ထန်းခြောက်ပင် ပတ္တမြားဈေးနှင့် ဇီးကုန်းဈေး တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ စျေးကွက်အတွင်း ရောင်းချနေသော ကုန်စည် (၃)မျိုးကို ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ပတ်သက်၍ ဥပဒေနှင့်ညီညွတ်မှု ရှိ/မရှိ စစ်ဆေး
Aug 28,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ပေါင်းတလည်မြို့ စည်ပင်သာယာစျေးနှင့် မြို့ပေါ်ဆိုင်များတွင် ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်မျိုးစုံနှင့် ယိုမျိုးစုံများ၊ သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ပတ်သက်၍ ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က စားသုံးသူရေးရာဦးစီးဌာန ပြည်မြို့နယ်ရုံးတာဝန်ခံ ဦးဆောင်သော စျေးကွက်စောင့်ကြည့်စစ်ဆေးရေး အဖွဲ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။