လှိုင်သာယာမြို့(အနောက်ပိုင်း)နယ်၌ Mask တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask များ အခမဲ့ ဖြန့်ဝေ

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်၈နာရီက လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများ မြို့နယ်တပ်ဖွဲ့ဝင်များ ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ အမျိုးသမီး ရေးရာ အဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အမှတ်(၁၃)ရပ်ကွက်ရှိ ပင်လုံဈေးတွင် ကွင်းဆင်း ဆောင်ရွက်သည်။

အဆိုပါဆောင်ရွက်ရာတွင် ပင်လုံဈေးအတွင်း Mask မတပ်ဆင်ပဲသွားလာ လျက်ရှိသော ပြည်သူများအား Mask မတပ်ဆင် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များအတိုင်း တစ်ဦးနှင်းတစ်ဦး ခြောက်ပေအကွာ နေထိုင်ကြရန်၊ လက်များကို မကြာခဏ စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန် ၊ မဖြစ်မနေ အပြင်သွားလာရန် လိုအပ်ပါက မိသားစုအတွင်း တစ်ဦး တစ်ယောက် တည်း သွားလာကြရန် အစရှိသည့် အကြောင်းအရာများကို အသိပညာပေးဆောင်ရွက်ပြီး ပင်လုံဈေးအတွင်း Mask များ တပ်ဆင်ခြင်းမရှိပဲ သွားလာနေသော အများပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)